ကိုယ်ပွားလေးတွေ
ဓမ္မဒါန မျှဝေပါရစေ...
ကျွန်တော့် အနေနဲ့ မေးလ်လိပ်စာများမှ တစ်ဆင့် ဓမ္မစာပေများ၊ ဓမ္မ စာအုပ်များ၊ တရားတော်များနှင့် အခြား မှတ်သား လိုက်နာဖွယ် အကြောင်းအရာများကို အခါအခွင့် သင့်ရင် သင့်သလို ဓမ္မဒါန မျှဝေနေပါတယ် ခင်ဗျာ..။ ဖတ်ရှုနာယူ ကြည်ညိုလိုသူများနှင့် တစ်ဆင့်ပြန်လည် ဓမ္မဒါန ပြုလိုသော ဓမ္မမိတ်ဆွေများ ရှိခဲ့ပါက pyaesoneaung2007@gmail.com သို့ မေးလ် လိပ်စာများ ပေးပို့၍ ဖြစ်စေ၊ စီဘောက်တွင် ရေးသား၍ ဖြစ်စေ ကျွန်တော့်ထံသို့ ရေးသားပေးပို့ ဆက်သွယ်နိုင်ပါတယ် ဆိုတာ လေးစားစွာနဲ့ အသိပေးအပ်ပါတယ် ခင်ဗျာ..။
ဓမ္မမောင်နှမတို့ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ ကြပါစေ၊ ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝကြပါစေ..။
လေးစားစွာဖြင့်
ဖိုးသား
Dhamma TV & Radio
Thursday, March 18, 2010
*ယမမင်းနှင့် တွေ့လျှင်*
သို့သော် ငရဲသို့ ရောက်လာသူတိုင်း အစစ်ဆေး ခံရသည် မဟုတ်။ အကုသိုလ် ကြီး၍ ထင်ရှားသူတို့မှာ တစ်ခါတည်း ငရဲသို့ ကျရလေသည်။ အကုသိုလ် နည်းပါးသူများ အတွက် လွတ်လို လွတ်ငြား အနေအားဖြင့် ယမမင်းထံ အစစ်ဆေးခံခွင့် ရလေသည်။ ထို့ကြောင့် ယမမင်း၏ စစ်ဆေးမှုမှာ အပြစ်ရှာလို၍ မဟုတ်။ လွတ်သင့်က လွတ်ခွင့် ရစေလိုသောကြောင့် ဖြစ်သည်။ ယခုအခါ အယူခံ ရုံးမင်းများနှင့် အလားတူ ပင်တည်း။ သို့အတွက် ယမမင်း ဟူသည်မှာ တရားစောင့်သော မင်းကောင်း မင်းမြတ်ပင်တည်းဟု မှတ်ပါ။ (ဥပရိ ပဏ္ဏာသ၊ ဒေ၀ဒူတသုတ်)
ငရဲထိန်းများလည်း စတုမဟာရာဇ် နတ်မျိုး အပါအ၀င် နတ်ဘီလူး နတ်ရက္ခိုသ် များတည်း။ ထို ငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော အကုသိုလ်ဖြင့် ကျရောက် လာသူများကို ယမမင်းထံ ပို့ခြင်း၊ ငရဲသို့ ရောက်ပြီးသူများကို လက်မရွံ့ အာဏာသားများ ကဲ့သို့ ရက်စက် ကြမ်းကြုတ်စွာ သတ်ပုတ် ရိုက်နှက်ခြင်း ပင်တည်း။ (ငရဲမီး စသော အန္တရာယ်တို့သည် ကံကြောင့် ဖြစ်ရသော ကမ္မပစ္စယ ဥတုဇရုပ်များ ဖြစ်ရကား ငရဲခံမည့် သူ၌သာ ပူလောင်၍ ထိုငရဲထိန်းတို့မှာ မပူလောင်ချေ။)
အများ ကြားဖူးနားဝ ရှိအောင် ဒေ၀ဒူတ သုတ္တန် ပါဠိတော်လာ ယမမင်း စစ်တမ်းကို အကျဉ်းချုပ် ပြဦးအံ့။ လူ့ပြည်မှာ ရှိသော ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသမား ငါးဦးသားကို ယမမင်း စေလွှတ်အပ်သော တမန်တော် မဟုတ်သော်လည်း အလားတူ ဖြစ်သောကြောင့် ဒေ၀ဒူတ ဟုခေါ်သည်။ ယမမင်းသည် မိမိထံမှောက်သို့ ရောက်လာသော ငရဲသားများအား ဒေ၀ဒူတ ငါးမျိုးကို ဖော်ပြလျက် စစ်ဆေးလေ့ ရှိသည်။
ယမမင်း။ ။မောင်မင်း.. လူ့ပြည်မှာတုန်းက မိမိ၏ ကျင်ကြီး ကျင်ငယ်ကို မသုတ်သင် နိုင်ဘဲ ကျင်ကြီး ကျင်ငယ်ထဲ၌ လူးကာ လှိမ့်ကာ နေရရှာသော ကလေးငယ်များကို မတွေ့ခဲ့ဘူးလား။
ငရဲသား။ ။တွေ့ခဲ့ပါသည်။
ယမမင်း။ ။မိမိကိုယ်တိုင် နားလည်သော အရွယ်သို့ ရောက်သောအခါ ထို ကလေးများကို ကြည့်ရှု၍ “ငါသည် ဘာမျှ နားမလည်ရှာ သေးသော ယခုလို ကလေးသူငယ် ဖြစ်ဖို့ရာ နောင်ခါ ပဋိသန္ဓေ နေရဦးမည်။ ပဋိသန္ဓေ နေခြင်း သဘောကို မလွန်ဆန်နိုင် သေးအံ့တကား။ ယခုနှယ်က ကိုယ် နှုတ် စိတ်များကို စောင့်စည်းလျက် ကောင်းကောင်း နေမှသာ တော်တော့မည်” ဟု အကြံအစည်များ မဖြစ်ခဲ့ဘူးလား မောင်မင်း။ (အလွန် ကြင်နာစွာ မေးသည်။)
ငရဲသား။ ။ကျွန်တော် မေ့လျော့နေသည့် အတွက် ကုသိုလ် ကောင်းမှုဘက်၌ စိတ် မ၀င်စားခဲ့မိပါ။
ယမမင်း။ ။မောင်မင်း.. ကောင်းမှုကို ဆွေမျိုး ဉာတကာ ဆရာမိဘ စသူတို့က ပြုပေးသည် မဟုတ်။ မောင်မင်းကိုယ်တိုင် ပြုခဲ့သည် ဖြစ်၍ မိမိ အပြစ်ဒဏ်ကို မေ့လျော့သူတို့ ထုံးစံအတိုင်း မောင်မင်း ခံရချေတော့မည်။
ဤနည်းအတိုင်း သူအိုကို ညွှန်ပြ၍ ဒုတိယအကြိမ် မေး၏။ သူနာကို ညွှန်ပြ၍ တတိယအကြိမ် မေး၏။ သူသေကို ညွှန်ပြ၍ စတုတ္ထအကြိမ် မေး၏။ အကျဉ်းသမားကို ညွှန်ပြ၍ ပဉ္စမအကြိမ် မေး၏။ ၅ ကြိမ် တိုင်တိုင် မေး၍ ကုသိုလ် ကောင်းမှုကို သတိ မရသေးလျှင် ယမမင်းကိုယ်တိုင် “လူ့ဘ၀၀ယ် ထိုသူ ကုသိုလ်ပြုသော အခါ မိမိအား အမျှ ဝေဖူးသလား” ဟု စဉ်းစား၏။ (ဤ အချက်ကို ထောက်၍ ကုသိုလ် ပြုသောအခါ ယမမင်းအား အမျှ ပေးဝေကြသည်။) စဉ်းစား၍ ရလျှင် ထိုကုသိုလ်ကို ဖော်ပြော၏။ ယမမင်းက ပြောခြင်းကြောင့် ဖြစ်စေ၊ မိမိဘာသာ သတိရ၍ ဖြစ်စေ ကုသိုလ်ကို သတိရသည်နှင့် တစ်ပြိုင်နက် ငရဲမှ လွတ်မြောက်၍ နတ်ပြည် ရောက်သူလည်း အများပင် ရှိ၏။ ထိုနေရာမျိုး ကျမှ မိမိ၏ ကုသိုလ်များ အားထားရကြောင်း ထင်ရှားပေသည်။ ယမမင်းကိုယ်တိုင် စဉ်းစား၍ မရသော အခါ ဆိတ်ဆိတ် နေရတော့၏။ ထိုအခါ ငရဲကောင် သတ္တ၀ါကို ငရဲထိန်းတို့ ယူဆောင်လျက် အမျိုးမျိုး နှိပ်စက်ကြ လေတော့သည်။
အရှင်ဇနကာ ဘိဝံသ ရေးသားတော်မူသော ကိုယ်ကျင့် အဘိဓမ္မာမှ…
လေးစားစွာဖြင့်
ဖိုးသား
3/18/2010, THU:, 10:54:39 AM
Monday, March 15, 2010
*နှလုံးသားချင်း ထပ်ကြည့်လိုက်သောအခါ*
“ဒီ အဖိုးကြီးတော့ အထုပ် လေးထုပ်နဲ့ ပျာယာ ခတ်နေပြီဟေ့” လို့ ဘေးနားက လူတစ်ယောက် ပြောလိုက်သံ ကြားတော့မှ “အော် ခုန ပစ်ချသွားတဲ့ အထုပ်နှစ်ထုပ်က ဒီအဖိုးရဲ့ အထုပ်နှစ်ထုပ်ပဲ၊ အထုပ် လေးထုပ်ဆိုတော့ မနိုင်တာနဲ့ နှစ်ထုပ် သယ်လိုက်၊ ပစ်ချခဲ့လိုက်.. နောက် နှစ်ထုပ် ပြန်သည်လိုက် လုပ်နေရတာပဲ” ဆိုပြီး ကျွန်တော် သဘော ပေါက်တော့တယ်။ ကျွန်တော့် စိတ်ထဲ တစ်မျိုးဖြစ် သွားတယ်။ သနားတာလား၊ ကိုယ်ချင်း စာတာလား၊ ကရုဏာလား တစ်ခုခုတော့ တစ်ခုခုပဲ။ ဒါနဲ့ ကျွန်တော်လည်း ဘာမှ သိပ်မစဉ်းစား တော့ဘူး..။ အဲဒီ အဖိုး ကျွန်တော့နားက အထုပ် နှစ်ထုပ်ကို လာယူတဲ့ အချိန် “ကျွန်တော် ဘာကူညီ ပေးရမလဲ အဖိုး” လို့ ရုရှလို မေးလိုက်မိတယ်။ အဲဒီ အဖိုးလည်း ကျွန်တော့်ကို ကြည့်ပြီး တစ်ခုခုတော့ ပြောလိုက်တယ်။ သေသေချာချာ ကျွန်တော် နားမလည်လိုက် ပေမယ့် အကူအညီ လိုတဲ့ စကားတွေ ဖြစ်တယ်လို့ သဘောပေါက်တာနဲ့ ကျွန်တော် အထုပ်နှစ်ထုပ်ကို ဆွဲလိုက်တယ်။ တဆက်တည်း အဲဒီ အဖိုး သွားတဲ့ နောက် အပြေး လိုက်သွားလိုက်တယ်။ “ပထမတွဲ” လို့ အဖိုးရဲ့ ပြောလိုက်သံတော့ ကျွန်တော် ကြားလိုက်တယ်။ ရထားကလည်း ထွက်ခါနီးနေပြီ။ အဖိုးကလည်း အထုပ်နှစ်ထုပ် ဆွဲလို့ ရှေ့က သုတ်သုတ် သုတ်သုတ်နဲ့ အပြေးတစ်ပိုင်း၊ ကျွန်တော်ကလည်း နောက်က အူယား ဖားယား။ ရထား မှီမှ မှီပါဦးမလား။ ဘုရား ဘုရား မှီပါစေ။
တော်သေးတာပေါ့။ ပထမတွဲ ရောက်တော့ ရထားပေါ် တက်နေတဲ့ ခရီးသည်က အဖိုး ရှေ့မှာ တစ်ယောက်ပဲ ကျန်တော့တယ်။ အဲဒီ တစ်ယောက်ပြီးရင် ဒီအဖိုးက နောက်ဆုံး။ အဲဒီ အဖိုးလည်း အထုပ်တွေ ပစ်ချရင်း ကျွန်တော့်ကို ကျေးဇူး တင်ကြောင်း၊ ရထား လက်မှတ်ဖိုးက ရူဘယ်လ် ၆၀၀ ပေးရကြောင်း.. စသဖြင့် ဝေေ၀ဆာဆာ မမောမပန်း ပြောနေလေရဲ့။ (အခု လက်ရှိ ရူဘယ်လ် ၆၀၀-က မြန်မာငွေ နှစ်သောင်းနီးပါးနဲ့ ညီမျှပါတယ်) ကျွန်တော်ကလည်း ရပါတယ်၊ ကျေးဇူး တင်ဖို့ မလိုကြောင်း တတ်သလောက် မှတ်သလောက် ပြန်ပြောမိပါရဲ့။ ဒါပေမယ့်လည်း ကျွန်တော်ပြောတဲ့ ပါးစပ်က စကားလုံးတွေက ကျွန်တော့် ရင်ထဲက ခံစားနေရတဲ့ ပီတိကိုတော့ မှီနိုင်စွမ်း မရှိပါဘူး။ ကျွန်တော် တော်တော့်ကို ပျော်ရွှင် ၀မ်းသာမိတာပါ။ ကျွန်တော့်ကြောင့် လူတစ်ယောက်ကို ကူညီ လိုက်နိုင်တယ်၊ ရထားမှီအောင် လုပ်ပေးလိုက် နိုင်တယ်။ ရထားပေါ်ကို အထုပ်တွေ ၀ိုင်းတင်ပေးပြီတာနဲ့ အဖိုးကို နှုတ်ဆက်လို့ ကျွန်တော် ပြန်လာခဲ့လိုက်တယ်။ ကျွန်တော့် ရင်ထဲမှာတော့ အတွေးလှိုင်းတွေ ပလုံစီလို့၊ ပီတီလှိုင်းတွေ ရိုက်ခတ်လို့...။
-------------------------------
ရဟန်းတစ်ပါး အကြောင်း ကျွန်တော် ကြားနာဖူးသည်။ ထိုရဟန်းတော် ဆွမ်းဘုဉ်းပေးနေစဉ် ဆွမ်း သုံးလေးလုတ်သာ အကျန်တွင် သားသည် ခွေးမလေး တစ်ကောင် အစာ လာတောင်း၍ ထို သုံးလေးလုတ်စာ ဆွမ်းကို ချကျွေးလိုက်၏။ သို့သော် သားသည် မိခင် ခွေးမလေးသည် ထို သုံးလေးလုတ်စာဖြင့် မ၀။ အရှင်မြတ်ထံ အသနားခံသော မျက်ဝန်းတို့ဖြင့် အမြီးလေးနှံ့ကာ တောင်းနေပြန်၏။ အရှင်မြတ်လည်း ခွေးမလေး အပေါ် စာနာစိတ်ဝင်ကာ မိမိလက်ဖြင့် အာခေါင်ကို နှိုက်၍ အန်ကျွေးရှာလေ၏။
---------------------------------
ဘ၀တစ်ခုတွင် ဘုရားအလောင်းတော်သည် တွင်းထဲတွင်ကျကာ တွင်းပေါ် ပြန်မတက်နိုင်ဘဲ အားအင် ပြတ်လတ်နေသော ကျားတစ်ကောင်အား မိမိကိုယ်တိုင် တွင်းထဲသို့ ဆင်းကာ ကျားစာ အဖြစ်ခံသည် အထိ ရွက်ဆောင် ဖူးသည်။
--------------------------------
လောကတွင် လူတစ်ဦးက တစ်ဦးကို၊ လူတစ်ဦးက တိရစ္ဆာန် တစ်ကောင်ကို.. စသဖြင့် ကူညီ ပေးဖူးကြပေမည်။ ကူညီ ပေးဖူးကြသည်။ သို့သော်.. ထိုသို့ ကူညီနိုင်အောင်၊ ကူညီ ဖြစ်သွားအောင် ထို ကူညီမည့် သူသည် မည်ကဲ့သို့ နှလုံးသွင်း ဆင်ခြင်သွားသနည်း။ မည်ကဲ့သို့ နှလုံးသွင်း ဆင်ခြင်သင့်သနည်း။
ဤနေရာတွင် ကျွန်တော် နာကြား မှတ်သားဖူးသော ပိုင်းလော့ ဆရာတော် ဘုရားကြီး၏ အဆုံးအမအား အခြေခံ၍ ပြောကြားလိုပါသည်။
လောကတွင် အကူအညီ လိုအပ်နေသူ တစ်ဦးအား၊ ဒုက္ခရောက်နေသူ တစ်ဦးအား၊ ဆာလောင် မွတ်သိပ်နေသော တိရစ္ဆာန် တစ်ကောင်အား စသဖြင့် ကူညီ ဖြစ်သွားခြင်း၊ ကျွေးမွေး ထောက်ပံ့ဖြစ်ခြင်း၊ လှူဒါန်း ပေးကမ်းခြင်း တို့သည် အဓိက အားဖြင့် မေတ္တာစိတ်ကို အခြေခံသော ကြောင့်တည်း။ ထို မေတ္တာစိတ် ပေါ်လာရခြင်းမှာလည်း ထို ဒုက္ခရောက်နေသောသူ၊ ထို ဆာလောင်နေသော တိရစ္တာန်နေရာတွင် မိမိကိုယ်တိုင် ၀င်ခံစားကြည့်မိ သောကြောင့်တည်း။ တစ်နည်း အားဖြင့် မိမိ နှလုံးသားနှင့် ထို ဒုက္ခရောက်နေသော သူ၏ နှလုံးသား၊ ထို ဆာလောင်နေသော တိရစ္ဆာန်၏ နှလုံးသားအား ထပ်တူပြု လိုက်ခြင်းကြောင့်တည်း။ ထိုသို့သာ ထပ်တူပြု၍ ခံစားတတ်သွားပြီ ဆိုပါက ကျွန်ုပ်တို့သည် လောကတွင် မစွန့်လွှတ်ရဲသော အရာ မရှိလောက်အောင် ရှားသွားပေမည်။
ခွေးကို အန်ကျွေးသော ရဟန်းတော်အား ကြည့်ပါ။ ထိုနေရာတွင် မိမိကိုယ်တိုင် ဆိုလျှင် မည်သို့ ပြုမူမည်နည်း။ ထို ရဟန်းတော်လို အန်ကျွေးရဲပါ့မလား။
မေတ္တာစိတ်သာ မွေးကြည့်ပါ။ မိမိသာ ထိုခွေးမလေး နေရာမှာ ဆိုလျှင် တော်တော် ဆာလောင်ရှာမှာပဲ၊ ဆာလောင်မှု ဒဏ်ကို တော်တော် ခံစားရရှာမှာပဲ ဟူ၍ မိမိ နှလုံးသားနှင့် ထိုခွေးမလေး၏ နှလုံးသားအား ထပ်တူသာ ပြုကြည့်၍ ခံစားကြည့်ပါ။ (ခွေးနှင့် နှိုင်းသည်ဟု မယူဆစေလိုပါ။) ထို ရဟန်းတော်လို အန်ကျွေးရဲပါ လိမ့်မည်။
ထို့အတူ ဒါန အမှု၊ သီလ အမှုတို့ ပြုကြသော အခါတွင်လည်း ပကာသနကို အခြေခံသော၊ သို့မဟုတ် ထင်ပေါ်လိုသော၊ သို့မဟုတ် နောင်ရရှိမည့် အကျိုးတရားတို့ကို မစဉ်းစားဘဲ နိဗ္ဗာန်ကို ရည်စူးသော စိတ်ဖြင့် နှလုံးသားချင်း ထပ်တူပြု၍ မေတ္တာရှေ့ထား တတ်သော စိတ်သဘောထား အကျင့်များကို လေ့ကျင့် ပျိုးထောင်ကြည့် စေချင်ပါသည်။
ဥပမာ နေပူကျဲကျဲတွင် ဧည့်သည် တစ်ဦး မိမိအိမ်သို့ ၀င်ရောက်လာသည် ဆိုပါစို့။ မည်ကဲ့သို့သော စိတ်ထား၍ ထိုဧည့်သည်အား ဆက်ဆံမည်လဲ။ ထို ဧည့်သည် နေရာတွင် မိမိကိုယ်တိုင် ၀င်ခံစား ကြည့်လိုက်ပါ။ ငါသာ ဆိုရင် နေပူကျဲကျဲထဲ လာရတာ ရေဆာရှာ မပေါ့။ ဟုတ်ပြီ ရေ အရင်တိုက်မယ်။ ချွေးသံရွှဲရွှဲ ဖြစ်နေတော့ အိုက်ရှာ မပေါ့။ ယပ်တောင်လေး ကမ်းသင့်ရင် ကမ်း။ ဗိုက်လည်း ဆာချင် ဆာမပေါ့။ ငါ့အိမ်မှာ ဘာစားစရာ ရှိပါလိမ့်။ ရှိတာလေး ချကျွေးတန်ကျွေး.. စသဖြင့် မေတ္တာစိတ် အပြည့်ထားကာ ကိုယ်ချင်းစာသော စိတ်ဖြင့် နှလုံးသားချင်း ထပ်တူပြု၍ ရွက်ဆောင် သင့်ပေသည်။
သီလ အမှုတွင်ကော.. နှလုံးသားချင်း ထပ်တူပြုသော မေတ္တာစိတ်ပင် အခြေခံပေသည်။ “အော် ငါလည်း သေမှာ ကြောက်သလို သတ္တာဝါတွေဟာ သေမှာ ကြောက်ကြတာပဲ။ အဲဒါကြောင့် ငါ သူ့အသတ်ကို မသတ်ဘူး”၊ “ငါပိုင်တဲ့ ပစ္စည်း တစ်ခု ပျောက်ပျက်သွားခဲ့ရင် ဆုံးရှုံးသွားခဲ့ရင် ငါ တော်တော် နှမြောတာပဲ၊ ငါ့လိုပဲ သူတစ်ပါးလည်း သူပိုင်တဲ့ ပစ္စည်းဥစ္စာ ပျောက်ပျက်သွားရင် စိတ်ဆင်းရဲ ရှာမှာပဲ၊ နှမြောမှာပဲ၊ အဲဒါကြောင့် ငါ သူများ ပစ္စည်းကို မခိုးဘူး”၊ “ငါ့ သားမယားကို စော်ကားရင် ငါမကြိုက်သလို သူလည်း သူ့သားမယားကို ဖျက်ဆီးတာ ဘယ်ကြိုက်ပါ့မလဲ၊ ငါ့အိမ်ထောင်ကို အပြိုကွဲ မခံနိုင်သလို၊ သူလည်း သူ့အိမ်ထောင်ကို ဘယ် ပြိုကွဲချင်ပါ့မလဲ၊ အဲဒီတော့ ငါ သူများ သားမယားကို မပြစ်မှား မစော်ကားဘူး” စသည် စသည်ဖြင့် ဆင်ခြင် နှလုံးသွင်းကာ သီလ အမှုကိုလည်း စောင့်ထိန်း သင့်ကြပေသည်။
အစပိုင်းတွင်တော့ နှလုံးသားချင်း ထပ်တူပြု၍ မေတ္တာ ထားမှုသည် မလုပ်ဖူးသေး သူများ အဖို့ အနည်းငယ် ခက်တန်ကောင်း ခက်ပေလိမ့်မည်။ သို့သော် ဒီအလုပ်ဟာ ခက်တာပဲ၊ ငါနဲ့ မကိုက်ပါဘူး ဆိုပြီး စမလုပ်ကြည့်ဘဲ ပစ်မထားသင့်ပါ။ ဘယ်အလုပ်ပဲ ဖြစ်ဖြစ် အစပိုင်းတွင်တော့ ခက်ကြသည် ချည်းသာ။ စမိဖို့သာ အရေးကြီးပါသည်။ ထိုသို့သာ စမိပြီး လေ့ကျင့်ယူသွားမည် ဆိုပါက နောင်တစ်ချိန်တွင် မိမိကိုယ်ကိုပင် မိမိ အံ့ဩရအောင် အသားကျသွားပေမည်။ လုပ်ရဲသွား ပေမည်။ နှလုံးသားချင်း ထပ်တူပြု၍ သတ္တ၀ါတွေ အပေါ် မေတ္တာ ထားနိုင်သွားမည် ဖြစ်ပါကြောင်း...။
ဤကဲ့သို့သော တရား အသိများအား နှလုံးသွင်း ဆင်ခြင် ပွားများ တတ်အောင် သင်ကြားပေးတော် မူခဲ့သော ပိုင်းလော့ ဆရာတော်ဘုရား၊ ဆရာတော် ဦးသုမင်္ဂလနှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့အား ဤ ဆောင်းပါးဖြင့် ရိုသေ ၀ပ်တွား ရှိခိုး ကန်တော့အပ်ပါတယ် ဘုရား..။
လေးစားရိုသေစွာဖြင့်
ဖိုးသား
3/15/2010, MON:, 7:06:01 PM
Sunday, March 14, 2010
*မုန်းလို့တော့ မဟုတ်ဘူး(၂)- ဆရာတော်ဦးသုမင်္ဂလ*
လေးစားစွာဖြင့်
ဖိုးသား
14.03.2010, SUN:, 11:57:09 PM
Posted by sonesiyar.blogspot.com at 11:48 PM
Labels: VCD, ဆရာတော်ဦးသုမင်္ဂလ တရားတော်များ comments (0)
*မုန်းလို့တော့ မဟုတ်ဘူး(၁)- ဆရာတော်ဦးသုမင်္ဂလ*
လေးစားစွာဖြင့်
ဖိုးသား
14.03.2010, SUN:, 11:46:41 PM
Posted by sonesiyar.blogspot.com at 11:41 PM
Labels: VCD, ဆရာတော်ဦးသုမင်္ဂလ တရားတော်များ comments (0)
Saturday, March 13, 2010
*အချိန်ပေး မမှားကြစေဖို့...*
အိုဟဲ့လူသား၊ ငမိုက်သားတို့
သင်ကား အ၀ိဇ္ဇာ၊ ဖုံးလွှမ်းကာ၍
လောကီအာရုံ၊ ကာမဂုဏ်ကို
အကုန်မမြင်၊ အကောင်းထင်လျက်
ခင်မင်တပ်မက်၊ တွယ်ကာဖက်လျက်
အောက်ထက်သံသရာ၊ စုန်ဆန်ကာဖြင့်
တဏှာလက်သည်၊ ထင်တိုင်းခြယ်၍
ချမ်းသာမရှိ၊ ဆင်းရဲဘိသည်
ဝဋ်၏သားကောင် လုံးလုံးတည်း။
ဝဋ်၏သားကောင်၊ ဒုက္ခဘောင်မှ
လွတ်အောင်ရုန်း၍၊ ချမ်းသာတွေ့ဖို့
မမေ့ရုပ်နာမ်၊ ဖြစ်ပျက်ဟန်ကို
အမှန်ဉာဏ်ညှိ၊ ဖြစ်တိုင်းသိလော့။
ဝီရိယရံ၊ ချိုးမြိုက်တန်ဖြင့်
ဆယ်တန်ကိလေ၊ လောင်ကျွမ်းကျေအောင်
မအိုမနာ၊ မသေပါခင်
တက်သုတ်နှင်လျက်
စောလျင်မြန်စွာ၊ ချိုးမြှိုက်ပါလော့။
နောင်ခါကာလ၊ ချိန်လွန်ကျမှ
နောင်တ, တပြီး၊ သင်မညည်းနဲ့။
ဇနီးမယား၊ သမီးသားနဲ့
လင်သားအိမ်ယာ၊ အဖြာဖြာကို
ငဲ့ကာဖက်နှေး၊ အချိန်ရွေးက
သေဘေးသင့်ကို ဦးလိမ့်မယ်။
လေးစားစွာဖြင့်
ဖိုးသား
13/03/2010, SAT:, 11:09:54 AM
Thursday, March 11, 2010
*စဉ်းစားလိုက်ပါဦး*
“ချစ်သား ရာဟုလာ... အလုပ်တစ်ခု လုပ်တော့မယ် ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့် အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ် ဆိုရင် မလုပ်ပါနဲ့ တော့။
ချစ်သား ရာဟုလာ... လုပ်ဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင် မလား၊ သူတစ်ပါးကို ထိခိုက်နိုင် မလား၊ ထိခိုက်နိုင်မယ် ဆိုရင် မလုပ်ပါနဲ့တော့။
ချစ်သား ရာဟုလာ... လုပ်ပြီးပြန်
ချစ်သား ရာဟုလာ... အပြောတစ်ခုြေ
ချစ်သား ရာဟုလာ... ပြောဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင် မလား။ ပြောပြီးပြန် ရင်လည်း စဉ်းစားလိုက် ပါဦး။ ထိခိုက်နိုင်တယ် ဆိုရင် မပြောပါ နဲ့တော့။
ချစ်သား ရာဟုလာ... အတွေးတစ်ခု တွေးတော့မယ် ဆိုရင်လည်း စဉ်းစားလိုက် ပါဦး။ တွေးဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ တွေးပြီးပြန် ရင်လည်း စဉ်းစားလိုက် ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်တယ် ဆိုရင် မတွေးပါ နဲ့တော့။”
မြတ်စွာ ဘုရားရှင်က ကံသုံးပါးကို စင်ကြယ်အောင် လုပ်ဖို့ ဟောပြလိုက်တော့ ရှင်ရာဟုလာလည်း ကျေနပ်ပီတိ ဖြစ်သွားပါ တော့တယ်။
(မဇ္ဈိမပဏ္ဏာသပါဠိတော်၊ မဟာရာဟုလောဝါဒသုတ်)
ဆရာတော် ရဝေနွယ် (အင်းမ) ၏ “မိမိကိုယ်ကို မိမိတည်ဆောက်မယ်” ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။
ကိုဝိမုတ္တိသုခ http://www.vimuttisukha.com/ ပူဇော်ရေးသားပါသည်။
လေးစားစွာဖြင့်
ဖိုးသား
11.03.2010, THU:, 08:43:58 PM

















