နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ကျေးဇူးရှင်အနန္တ မြတ်ဗုဒ္ဓ

*နေတံမမ၊ နေသောဟ မသ္မိ၊ နမေသော အတ္တာ။*
*ဤအရာသည် ငါ့ဥစ္စာ မဟုတ်၊ ငါမဟုတ်၊ ငါ၏ကိုယ် ‘အတ္တ’ မဟုတ်။*

*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*

ရိုသေစွာ ဦးခိုက်ပါ၏ အရှင်မြတ်တို့ဘုရား

ဓမ္မဒါန မျှဝေပါရစေ...

ဓမ္မမောင်နှမတို့ မင်္ဂလာပါခင်ဗျာ..

ကျွန်တော့် အနေနဲ့ မေးလ်လိပ်စာများမှ တစ်ဆင့် ဓမ္မစာပေများ၊ ဓမ္မ စာအုပ်များ၊ တရားတော်များနှင့် အခြား မှတ်သား လိုက်နာဖွယ် အကြောင်းအရာများကို အခါအခွင့် သင့်ရင် သင့်သလို ဓမ္မဒါန မျှဝေနေပါတယ် ခင်ဗျာ..။ ဖတ်ရှုနာယူ ကြည်ညိုလိုသူများနှင့် တစ်ဆင့်ပြန်လည် ဓမ္မဒါန ပြုလိုသော ဓမ္မမိတ်ဆွေများ ရှိခဲ့ပါက pyaesoneaung2007@gmail.com သို့ မေးလ် လိပ်စာများ ပေးပို့၍ ဖြစ်စေ၊ စီဘောက်တွင် ရေးသား၍ ဖြစ်စေ ကျွန်တော့်ထံသို့ ရေးသားပေးပို့ ဆက်သွယ်နိုင်ပါတယ် ဆိုတာ လေးစားစွာနဲ့ အသိပေးအပ်ပါတယ် ခင်ဗျာ..။

ဓမ္မမောင်နှမတို့ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ ကြပါစေ၊ ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝကြပါစေ..။

လေးစားစွာဖြင့်
ဖိုးသား

Dhamma TV & Radio

Monday, November 9, 2009

*ပိုင်းလော့ဆရာတော်ဘုရား၏ ၀ိပဿနာသင်တန်း တရားစခန်းပွဲ သတင်း*

*ပိုင်းလော့ဆရာတော် ဘုရား၏ ၀ိပဿနာသင်တန်း တရားစခန်းပွဲ သတင်း*

ဝိပဿနာသင်တန်း တရားစခန်းကို စင်္ကာပူတွင် နိုဝင်ဘာလ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဆရာတော်ဘုရားမှ ဟောကြား ပို့ချသွားပါမည်။ စင်္ကာပူ စံတော်ချိန် မနက် (၀၉) နာရီမှ ညနေ (၀၆) နာရီအထိ တရားပွဲများကို ကြားတွင် အနားယူချိန် သတ်မှတ်ပေးပြီး ဟောကြား ပို့ချသွားပါမည်။ http://live.dhammathukha.com/ မှရုပ်သံ တိုက်ရိုက် ထုတ်လွှင့်သွားမည် ဖြစ်ပါ၍ ကမ္ဘာ့နေရာအနှံ့မှ ဓမ္မမိတ်ဆွေများလည်း တရားတော်များအား အချိန်ကိုက် နာယူခွင့်ရကြပြီးလျှင် မိမိတို့အိမ်မှနေ၍ တရားစခန်း ဝင်ရောက်နိုင်ပါကြောင်း နှိုးဆော်တိုက်တွန်း၍ သတင်းကောင်း ပေးအပ်ပါသည် ခင်ဗျား။

နေ့စဉ်ထုတ်လွှင့်ခဲ့သော တရားအသံဖမ်းဖိုင်များကို အောက်ပါလိခ့်ရှိ ( http://www.ustream.tv/channel/dhamma-live ) video list မှ နေ့စွဲအလိုက် နာယူနိုင်ပါသည်။

***** ကုသိုလ်တရား၌ ဝီရိယ ပြဋ္ဌာန်း၍ ဒုက္ခချုပ်ငြိမ်း သုခကိန်းဖို့ ကြိုးစား အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေများကို အထူးလေးစား တန်ဖိုးထားပါတယ်... *****


လေးစားရိုသေစွာဖြင့်
ဖိုးသား

09.11.2009, MON:, 07:31:33 PM

1 comments:

အနမ်း said...

ဖိုးသားရေ ..ခုလိုတရားနာဖို့ အခွင့်အရေးကိုသတင်းပေး တာကျေးဇူးအထူးပါ။ အမတို့ လည်းစကာင်္ပူကမဟုတ် ပေမယ့် အသံဖမ်းဖိုင်များကို လင့်ပေးတဲ့အတွက်ပေါ့။ သာဓု သာဓု သာဓုပါ...